Wednesday, March 1, 2017

မြန်မာ့ဆေးဖက်ဝင်ကြက်သွန်နီပင်

မြန်မာ့ဆေးဖက်ဝင် ကြက်သွန်နီပင်
Item Name --------- Onion (ကြက်သွန်နီဥကြီး)
Category ------------ Raw Material
Botany Term -------- Allium cepa Linn
Species Family ----- Liliaceae

မြန်မာနိုင်ငံ အနှံ့အပြား အေးလွန်းသော ဒေသမှ အပ စိုက်ပျိုးဖြစ်ထွန်းသည်။
စိုက်ပျိုးပင် အဖြစ် ပေါက်ရောက်သည်။ အကျယ် ၃ ပေ ၊ အမြင့် ၈ လက်မ အရှည် သင့်တော်သလို ဘောင်များပြုလုပ်ပြီးနောက် မျိုးစေ့ကို လက်ဖြင့် ညီညာစွာချ၍ ထွန်ခြစ်ဖြင့် မြေဆွဲ ကာဖုံးအုပ်ရမည်။ ထို့နောက် ရေပန်းကရားဖြင့် ရေလောင်းပြီးနောက် ကောက်ရိုးအုပ်ထားရမည်။ ၅ ရက်ကျော်မှ ကောက်ရိုးဖယ်ပေးရသည်။ ရေကို လိုသလို လောင်းပေးခြင်းနှင့် လက်ပေါင်းလိုက်ခြင်း ပြုလုပ်သွားပြီး ပျိုးသက် ၄၅ ရက်ရှိက ပြောင်းရွှေ့စိုက်နိုင်သည်။ အကျယ် ၄ ပေ ၊ အလျား ၆ပေရှိ စိုက်ကွင်းများတွင် တစ်လက်မခန့် နက်သော မြောင်းကလေးများ ၆ လက်မအကွာ ဖော်သွားပြီး ယင်းမြောင်းများ၌ တစ်ပင်နှင့်တစ်ပင် ၄ လက်မခြား၍ စိုက်ရမည်။ စိုက်ပြီး ရေလောင်းပြီးနောက် တစ်လအကြာတွင် တစ်ကြိမ်ရေသွင်းပေးရန်လိုသည်။ ၎င်းနောက် ၆-၈ ရက်အကြာတစ်ကြိမ် ၊ ၈ ကြိမ်အထိ လိုအပ်သလို ရေပေးရမည်။ တပေါင်းလ အရွက်များ နွမ်းရိစပြုချိန် တွင် ကြက်သွန်ဥများ ဖော်နိုင်သည်။ ကြက်သွန်ဥများ ဖော်ပြီးနောက် အရိပ်ထဲ၌ ကောင်းစွာ ခြောက်သွေ့ စေရမည်။

Ko Zar Sat Khin at 4:22 AM No comments:

No comments:

Post a Comment