Wednesday, March 1, 2017

မြန်မာ့ဆေးဖက်ဝင်သံမနိုင်ကျောက်မနိုင်ပင်

မြန်မာ့ဆေးဖက်ဝင် သံမနိုင်ကျောက်မနိုင်ပင်
Item Name ---------- Alysicarpus vaginalis DC (သံမနိုင်၊ ကျောက်မနိုင်)
Category ------------ Raw Material
Botany Term -------- Alysicarpus vaginalis DC
Species Family ----- Papilionaceae

မြန်မာ နိုင်ငံအနှံ့အပြားတွင်အထူးသဖြင့်ပူအိုက်သော ဒေသများတွင် ပေါက်ရောက်သည်။သဘာဝအလျောက် ပေါက်ရောက်သည်။
တစ်နှစ်ခံ ပင်ပျော့ ပင်ငယ် မျိုး ဖြစ်သည် ။၁ ပေမှ ၃ ပေ အထိ မြေတွင် လျှောက် ၍ ပေါက်သည်။ ပင်စည် သေးသွယ်ပြီး တစ်ခါ တစ်ရံ ထောင်မတ် ၍ နေသည်။

အရွက်

ရွက်လွှဲ ထွက်သည်။ ဘဲဥပုံ သဏ္ဍာန် ရှိသည်။ ရွက် ထိပ် ၀ိုင်းသည်။ ရွက်ညှာ ရင်း တွင် သေးငယ် သော ရွက်စွယ် ရှိ၏ ။ ရွက်ကြောများ ထင်ရှား၏ ။ရွက်ပြား ချော၍ ရွက်နား ညီပြီး ရွက်ညှာရှည် သည်။

Ko Zar Sat Khin at 10:33 PM No comments

No comments:

Post a Comment