မြန်မာ့ဆေးဖက်ဝင် ဥသျှစ်ပင်
Item Name ------- Bael Fruit (ဥသျှစ်ပင်)
Category ---------- Raw Material
Botany Term ------ Aegle marmelos Correa
Species Family ---- Rutaceae
မြန်မာ နိုင်ငံ တစ်ဝန်းလုံးတွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည အပင်လတ်မျိုးဖြစ်ပြီး ပေ(၃ဝ) မှ ပေ (၄ဝ) အထိမြင့်သည်။ အကိုင်းအခက်များ ရှုပ်ထွေးပြီး သန်မာသည်။ ရွက်လွှဲထွက်၍ သုံးရွက် မွှာပေါင်းဖြစ်သည်။ ရွက်မြွှာများ ဘဲဥပုံ ရှည်မျောမျော ဖြစ်၍ အရင်း အနည်းငယ်သွယ်ဝိုက်ပြီး အဖျားချွန်သည်။ အဖြုရောင်ပွင့်သည်။ အသီး လုံးဝိုင်းပြီး အပေါ်ခွံ မာကျောသည်။ အစေ့များစွာပါသည်။
အပင်
ပင်လတ် မျိုးဖြစ်၍ အမြင့် ၂၅ ပေခန့် ထိမြင့်သည်။ အခေါက် ကြမ်းပြီး ညိုဖျော့ဖျော့ အရောင် ရှိသည်။ အပွေးများ အစင်းလိုက် ရှိသည်။ အကိုင်း အခက်များ ရှုပ်ထွေးပြီး သန်မာသည်။ ၁ လက်မခန့် ရှည်သော ဆူးချွန်များ အလှည့်ကျ ထွက်သည်။
Ko Zar Sat Khin at 4:01 AM
No comments:
Post a Comment