Wednesday, March 1, 2017

မြန်မာ့ဆေးဖက်ဝင်ဝါပင်

မြန်မာ့ဆေးဖက်ဝင် ဝါပင်
Item Name -------- Cotton (၀ါ)
Category ----------- Raw Material
Botany Term ------ Gossypium spp
Species Family ---- Malvaceae

မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက် သော်လည်း မိုးနည်းသော အရပ်တွင် ပိုမို ဖြစ်ထွန်းသည်။စိုက်ပျိုးပင် ဖြစ်သည်စိုက်ခင်းမြေ အား ကောင်းစွာ မှုန့်ညက်အောင် ပြုပြင် သင့်သည်။အတန်းလိုက် စိုက်ပျိုးရန် လိုအပ်သည်။ တစ်တန်းနှင့် တစ်တန်း ၂-၄ ပေ၊ တစ်ပင်နှင့် တစ်ပင် ၂-၄ ပေ မြေ၏ အခြေအနေ ကိုကြည့်၍ စိုက်သင့်သည်။ နှမ်း ၊ ပဲ စသည် တို့နှင့်လည်း သီးညှပ် အဖြစ် ရောနှော စိုက်နိုင်သည်။ ပေါင်းသုတ်သင်ခြင်း၊ ပိုးမွှား ကာကွယ်ခြင်း၊ ပင်ကျပ် နုတ်ခြင်း တို့ကို လိုအပ်သလို ပြုစုပေး ရမည်။ ၀ါပေါက် ကောင်းစွာ ကွဲအက် လာသော အခါတွင် ကောက်ယူ ရမည်။

Ko Zar Sat Khin at 4:15 AM

No comments:

Post a Comment