Wednesday, March 1, 2017

မြန်မာ့ဆေးဖက်ဝင်နံနံပင်

မြန်မာ့ဆေးဖက်ဝင် နံနံပင်
Item Name ---------- Coriander (နံနံပင်)
Category ------------ Raw Material
Botany Term -------- Coriandrum sativum Linn
Species Family ----- Umbelliferae

မြန်မာနိုင်ငံ အနှံ့အပြား တွင်ပေါက်ရောက်သည်။ရာသီ အလိုက် စိုက်ပျိုး ပင်ဖြစ်သည်။အလျား ပေ ၂၀ ၊ အနံ ၄ပေ ရှိ စိုက်ခင်း ဘောင်များကို မြေကောင်းစွာ မှုန့်ညက်အောင် ပြုပြင်ရန် လိုသည်။ မြေအား ပြုပြင်ပြီး နောက် နောက်ချေး မြေဆွေး ရသလောက် ဖြင့် ရောမွှေရမည်။ ပေ ၂၀ ၊ ၄ ပေရှိ စိုက်ခင်း တစ်ဘောင် အတွက် မျိုးစေ့ တစ်ကျပ်သား ခန့် လိုသည်။ မစိုက်ပျိုး မီ မျိုးစေ့ များကို ကောင်းစွာ ခြောက်သွေ့စေ ပြီး ၇ရက်ခန့် ရေစိမ်၍ ဖောက်ထားပြီး မှ ကြဲပက် စိုက်ပျိုး သင့်သည်။ အပင် ထူလျှင် ၄ လက်မခြား ခန့် လက်ကြားခွဲ ပေးသင့်သည် စိုက်ပျိုး ပြီး လျှင် ပြီးချင်း ကောက်ရိုးဖြင့် စိုက်ဘောင်အား ခပ်ပါးပါး ဖုံးအုပ်၍ ရေရွှဲရွှဲ လောင်းပေးရ မည်။ နေ့စဉ် မှန်မှန် ရေလောင်းပေး သင့်သည်။ စိုက်ပြီး ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း နုတ်ယူ စားသုံးနိုင်သည်။

Ko Zar Sat Khin at 4:10 AM No comments:

No comments:

Post a Comment